သထုံ အထက (၂) ကျောင်းဆောင်သစ် အဆောက်အဦး ဆောက်လုပ်ရန် တူးဖော်ရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိ

သထုံ ၃၀.၉.၂၀၂၂ ယနေ့ နေ့လည်ပိုင်း သထုံမြို့၊ သိမ်ကုန်းရပ်ကွက် အ.ထ.က (၂) ကျောင်း၀င်းအတွင်း ကျောင်းဆောင်သစ်အဆောက်အဦး ဆောက်လုပ်ရန် တူးဖော်ရာ အနက် (၄) ပေခန့်လောက်တွင် ရှေးခေတ်လက်ရာများဖြစ်သည့် မုဒြာမျိုးစုံ အုတ်ခွက်ဘုရား (၂၁၀) ဆူ တွေ့ရှိခဲ့ပါသည်။ ၎င်းအုတ်ခွက်ဘုရားများသည် AD – 7 ရာစုခန့် ရှေးခတ်လက်ရာများဖြစ်သည်ဟုခန့်မှန်း သိရှိရပါသည်။ တူးဖော်ရရှိသည့် အုတ်ခွက်ဘုရား အဆူ (၂၁၀) အား အ.ထ.က (၂) ကျောင်း၀င်း အတွင်းရှိ ဘုရားခန်းတွင် ပူဇော်ထားရှိထားပါသည်။ သတင်းရင်းမြစ်။ ။ ဝင်းဇော် ဦး ။ သုဓမ္မဝတီမြို့ခေါ်( သုဓုံ+ သထုံ) မြို့ဟာ အလွန်ရှေးကျသော ခေတ်ဦးကာလက ဗုဒ္ဓယဉ်ကျေးမှုထွန်းကားခဲ့ပြီးသားပါပဲ။ မင်းနဲ့ပြည်သူကြည်ဖြူစွာ ရှိနေကြစဉ်က ဘာသာယဉ်ကျေးမှု မည်သူမျှထိပါးခဲ့ကြတာမရှိပေမယ့် … Continue reading သထုံ အထက (၂) ကျောင်းဆောင်သစ် အဆောက်အဦး ဆောက်လုပ်ရန် တူးဖော်ရာမှ ရှေးဟောင်းအုတ်ခွက်ဘုရားများ တွေ့ရှိ